သတင်းများ

လားရှိုးမြို့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် သစ်ပင်များပြိုလဲခြင်း၊ သစ်ကိုင်းနှင့် ဓာတ်တိုင်များ ကျိုးကျခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းပေး
May 09,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မေလ ၆ ရက်နေ့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် သစ်ပင်များပြိုလဲခြင်း၊ သစ်ကိုင်းနှင့်ဓာတ်တိုင်များကျိုးကျခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်း‌ဆောင်ရွက်ပေးခြင်းကို ယမန်‌နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်လူရည်ချွန်စခန်း(ချောင်းသာ)မှ လူရည်ချွန်မောင်မယ်များ ရွှေသောင်ယံမြို့ Sea&Lake Garden သို့လာရောက်လေ့လာ
May 09,2026
၂၀၂၆ ခုနှစ် တက္ကသိုလ်လူရည်ချွန်စခန်း ချောင်းသာ AKARIZ Garden Resort ရှိ တက္ကသိုလ်ပထမနှစ်၊ ဒုတိယနှစ် လူရည်ချွန်မောင်မယ်များ (၂၉၁)ဦးသည် ယနေ့နံနက် (၈)နာရီ (၁၀)မိနစ် အချိန်က ကြီးကြပ်ဆရာ၊ဆရာမများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Sea&Lake Garden သို့ လေ့လာရေးခရီးလာရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ရက်(၁၀၀)စီမံချက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်မိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းဖွင့်ပွဲတက်ရောက်
May 09,2026
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ စေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလက်မှု လုပ်ငန်းသင်တန်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တက်ရာက်ကြသည်။
မြို့သစ်မြို့နယ်တွင် ပထမရက် (၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
May 09,2026
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရအသစ်၏ ပထမရက် ၁၀၀ ကာလစီမံချက်ဖြင့်  ကျေးရွာမြေဌားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကံဆွယ်ကျေးရွာအုပ်စု၊   ကံကြီး (တ)ကျေးရွာသို့သွားရောက်၍  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကလောမြို့၌ တီဘီရောဂါနှင့်အခြားရောဂါများ အခမဲ့စမ်းသပ်ရှာဖွေကုသပေးလျက်ရှိ
May 09,2026
ရှမ်းပြည်နယ်တောင်ပိုင်း ကလောခရိုင် က‌လောမြို့ မြို့မပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် မေ  ၈ ရက်နံနက် ၉ နာရီမှစ၍ ကလောမြို့ပေါ်ရှိ ဒေသခံပြည်သူများအား တီဘီရောဂါနှင့်အခြားရောဂါများအား အခမဲ့စမ်းသပ်ရှာဖွေကုသမှု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကွင်းဆင်းဆောင်ရွက်သည်။
လွိုင်ကော်မြို့၌ ဘက်စုံပိုးမွှားကာကွယ်နည်း(IPM) နည်းပညာပေး သင်တန်းဖွင့်လှစ်
May 09,2026
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဘက်စုံပိုးမွှားကာကွယ်နည်း (IPM) သင်တန်းကို ယမန်နေ့က လွိုင်ကော်မြို့၊ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း ရှင်းလင်းဆောင်၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်းနှင့်  သတင်းမီဒီယာသမားများနှင့် ဆက်ဆံရေးကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်း 
May 09,2026
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်းပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇) အရ တရားရုံးအသုံးပြုသူပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် တရားရုံးဝန်ဆောင်မှုများကိုအများပြည်သူလက်လှမ်းမီစေရန်နှင့် တရားရုံး စစ်ဆေးဆဲမှုခင်းများ၏ စစ်ဆေးစီရင်မှုနှင့်စပ်လျဉ်း၍သတင်းအချက်အလက်ရယူလိုသော  သတင်းမီဒီယာသမားများနှင့် ဆက်ဆံရေးကောင်းမွန်စေရန်ဆောင်ရွက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ချင်းပြည်နယ်၌ မိသားစု တစ်ပိုင်တစ်နိုင် ဥစားကြက်နှင့် အသားတိုးဝက်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေး 
May 09,2026
ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက် ( ၁၀၀ ) စီမံချက်အတွက် ပြုလုပ်သော မိသားစု တစ်ပိုင်တစ်နိုင် ဥစားကြက်နှင့် အသားတိုးဝက်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို မေလ ၈ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့  ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆုန်းထန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မွေးမြူသူများ တက်ရောက်ကြသည်။