သတင်းများ

တောင်ကြီးမြို့ တိုးချဲ့ရေပေးဝေနိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှု
May 11,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် တောင်ကြီးမြို့တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများ၊ Eco Care Co.,Ltdမှ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင်တွေ့ဆုံရာ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီမှတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးက ရေပေးဝေရေးလုပ်ငန်းမှာ အများပြည်သူအကျိုးပြုသောလုပ်ငန်းတစ်ခုဖြစ်သဖြင့် စာချုပ်ပါသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ရေပိုက်လိုင်းများတပ်ဆင်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ စည်ပင်သာယာရေးဌာနအနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာအား ကျေးရွာဖွံဖြိုးရေး ရန်ပုံငွေ သုံးစွဲရေးအစီအစဉ် (AVIP) သင်တန်းဖွင့်လှစ်
May 11,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာမှကော်မတီဝင်များအား ကျေးရွာဖွံဖြိုးရေးရန်ပုံငွေ သုံးစွဲရေးအစီအစဉ် (AVIP) သင်တန်း ကို ယမန်နေ့ နံနက်(၁၀) နာရီက အဆိုပါရုံး၌ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ်ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၏ ခေတ်အလိုက်အုတ်မြစ်တည်ဆောက်မှုစနစ်အား တူးဖော်သုတေသနပြု လုပ်ငန်းဆောင်ရွက်လျက်ပြီး လေ့လာလိုသူ မည်သူမဆိုလာရောက်လေ့လာနိုင်
May 11,2026
ကမ္ဘာ့အမွေအနှစ်ပုဂံဒေသသည် အမွေအနှစ်လက္ခဏာရပ်များ ရှေးမူမပျက် တည်ရှိနေခြင်း၊ အမွေအနှစ်များသည် တစ်စုတစ်စည်းတည်း တည်ရှိနေခြင်းတို့ကြောင့် ကမ္ဘာကပင် လေးစားတန်ဖိုးထား၍ အသိအမှတ်ပြုလက်ခံနေသော ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သည်။
လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်‌ရေး မြန်မာစကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများပြသ
May 11,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး မြန်မာစကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံပြပွဲများပြသခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက် "အခြေခံစက်ချုပ်သင်တန်း" ဖွင့်လှစ်
May 11,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက်" အခြေခံစက်ချုပ်သင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်သည်။
သရက်မြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
May 11,2026
မကွေးတိုင်းဒေသကြီး သရက်မြို့၌လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက လျှပ်စစ်အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက စည်ပင်သာယာဈေးကြီးရှေ့၌ ဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့နယ်၌ အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာလက်‌တွေ့ပြုလုပ်နည်းပညာပေးသရုပ်ပြ ဆောင်ရွက်
May 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ခြင်းနှင့် သုံးစွဲပုံသုံးစွဲနည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများက ယမန်နေ့တွင် နမ့်မော်ဆွမ့်ကျေးရွာ တောင်သူ ဦးစိုင်းသန်းထွန်း၏ လယ်မြေနေရာ၌ လက်တွေ့ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီးမြို့၌ နိုင်ငံတော်မှချီးမြှင့်သည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ တိလောကာရုံကျောင်းတိုက်ဆရာတော်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲကျင်းပ
May 11,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၆ ခုနှစ်(၁၃၈၇)ခု၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ချီးမြှင့်သည့်သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ တိလောကာရုံ ကျောင်းတိုက်ဆရာတော်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲအခမ်းအနားကို မေလ(၁၀)ရက်နေ့၊ ညနေပိုင်းက ခမောက်ကြီးမြို့၊တိလောကာရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။