သတင်းများ

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ် နံရံကပ်စာစောင်ပြသ
Dec 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဉယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ် နံရံကပ်စာစောင်ပြသခဲ့ကြသည်။
မုဒုံမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့်စပါးဧက ၇၅၀၀၀ ကျော် ရိတ် သိမ်းပြီးစီး (၅၂၁၀၄၀၈)တင်းထွက်ရှိ
Dec 26,2024
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ဧက ၇၅၀၀၀ ကျော်ကို ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချစ်ကြည်ရေး အားကစားပြိုင်ပွဲ ကျင်းပ
Dec 26,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-တရုတ်-လာအို-ထိုင်းလေးနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ၏ ချစ်ကြည်ရေးအားကစားပြိုင်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အားကစားနည်း(၄)မျိုးဖြင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ) အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ကွန်ဟိန်းမြို့၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Dec 26,2024
ကျောင်းသား၊ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကွန်ဟိန်းမူလတန်းကြိုကျောင်း၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို  ယနေ့နံနက် (၈)နာရီအချိန်ခန့်က မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော် မုဒ်ဦးရင်ပြင်၌ ကျင်းပကြောင်း သိရသည်
နတ်မောက်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ 
Dec 26,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။               
ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲပြုလုပ်
Dec 26,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ဒီဇင်ဘာ ၂၄ က ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကျိုင်းတုံမြို့တွင် ဆောင်ရွက်သည်။
ရေနံချောင်းမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနေကြာ ၃၈၀၃ ဧက လျာထားစိုက်ပျိုး
Dec 26,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပြည်တွင်းဆီစားသုံးမှု ဖူလုံပိုလျှံစေရန်အတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ လယ်ယာမြေနှင့် ကိုင်းမြေများတွင် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရန် ၃၈၀၃ ဧက လျာထားခဲ့ရာ ၂၂၀၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အိမ်မဲမြို့နယ်တွင် (၅၄)ကြိမ်မြောက် အကြိုစုပေါင်းကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Dec 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းကြီး၏ (၅၄)ကြိမ်မြောက်အကြို စုပေါင်းကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မလူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း(သဲကွင်း)၌ ဒီဇင်ဘာလ ၆ ရက်နေ့က စတင်ကျင်းပလျက်ရှိရာ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။