သတင်းများ

သနပ်ပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Dec 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
လယ်ဝေးမြို့နယ်၊ မြို့မ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Dec 27,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့မ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။
နတ်မောက်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်မှု ရှိ/မရှိစစ်ဆေး
Dec 27,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်မှုရှိ/မရှိစစ်ဆေးခြင်းကို ဈေးတာဝန်မှ ကြီးကြပ်၍အဖွဲ့ဝန်များက ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ်၌ အခြေခံပညာရေးကျောင်းများတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Dec 27,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းရေးဌာနအနေဖြင့် အခြေခံပညာရေးကျောင်းများတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်လျက်ရှိပြီး ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဆောင်ရွက်ပေးလျက်ရှိသည်။ 
ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲပြုလုပ်
Dec 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ဒီဇင်ဘာလ ၂၄ က ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကျိုင်းတုံမြို့တွင် ဆောင်ရွက်သည်။
ဂန့်ဂေါမြို့၌ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား T.B ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးပေး
Dec 27,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် အခြေခံပညာ (အထက်တန်း/ အလယ်တန်း/ မူလတန်း) ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား T.B ရောဂါရှိ/မရှိ စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲ အချိန်ကစတင်၍ စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။
ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်
Dec 27,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ ပြည့်ဝကာ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) ရှိ “ ပုံညာခန်းမ ” ၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အမှတ်ပေးခြင်းများဆောင်ရွက်
Dec 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အမှတ်ပေးခြင်း လုပ်ငန်းအား ယမန်နေ့က ကျိုင်းတုံမြို့၌ ဆောင်ရွက်သည်။