နတ်မောက်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ 

နတ်မောက် ဒီဇင်ဘာ ၂၆                                                                                            

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။                         

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအနေဖြင့် မိမိတို့နိုင်ငံ၏နေ့ထူးနေ့မြတ်များအကြောင်းသိရှိပြီး အစဉ်အောင်းမေ့သတိရစေရန်၊ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များသည် အမျိုးကိုချစ်တဲ့စိတ်၊ မိမိဘာသာကိုယုံကြည်မှု၊ မိမိယဉ်ကျေးမှုကို ထိန်းသိမ်းထားလိုတဲ့စိတ်များမွေးမြူရမှာဖြစ်ပါကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်၊ ဇာတိသွေးဇာတိမာန်ထက်သန်မှု သူ့ကျွန်မခံလိုသောစိတ်ဖြင့် လွတ်လပ်ရေးရရှိအောင်ကြိုးစားခဲ့ပုံ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းအကြောင်းအရာများအားဟောပြောခဲ့ပြီး  ကျောင်းသား/သူများအနေဖြင့် မိဘ၊ ဆရာသမားများ၏ ဆုံးမလမ်းညွန်မှုများအတိုင်းလိုက်နာ၍ ကျောင်းသင်ခန်းစာအပြင် အားလပ်ချိန်တွင် အသိပညာဗဟုသုတရရှိစေမည့်  စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

လှဝင်း