ကွန်ဟိန်းမြို့၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ကွန်ဟိန်း ဒီဇင်ဘာ ၂၆

ကျောင်းသား၊ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကွန်ဟိန်းမူလတန်းကြိုကျောင်း၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို  ယနေ့နံနက် (၈)နာရီအချိန်ခန့်က မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော် မုဒ်ဦးရင်ပြင်၌ ကျင်းပကြောင်း သိရသည်

ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများက ထာဝရသစ္စာသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပင်ဘောင်လုံးကောက်ပြိုင်ပွဲ၊ ခွက်ဆင့်ပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ ပူဖောင်းနှင်းပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ အလွတ်ပြေးပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်းကစားခြင်းပြိုင်ပွဲစသည့် အားကစားနည်း(၈)မျိုးဖြင့် ပျော်ရွင်စွာယှဉ်ပြိုင် ကစားကြသည်။

ထိုနောက် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်

အခမ်းအနားသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းနှင့်ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်မွန်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)