ပြည် ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၏ အဋ္ဌမ အကြိမ်မြောက် အပတ်စဉ်(၂၇) သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်အားပေးသည်။
ဦးစွာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဒီပလိုမာအောင်လက်မှတ်ရရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းဆက်လက်ကျင်းပရာ သူနာပြုသားဖွားဒီပလိုမာအပ်နှင်းကြောင်း ကြေညာရန်အလို့ငှာ စီမံ/ပညာရေးအဖွဲ့ဝင်များမှ အတည်ပြုခြင်း၊ နိုင်ငံတော်သီချင်းဖြင့် အခမ်းအတားစတင်ခြင်း၊ ကျောင်းအုပ်ကြီးက သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သူများအား အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းပြီး သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)