သတင်းများ

မိတ္ထီလာမြို့၌ ၂ဝ၂၄ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 28,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်း လျှောက်ပွဲကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမနှင့် ဗိုလ်ချုပ်ကြေးရုပ်အနီးမှ ရတနမာရ်အောင်ရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒီဇင်ဘာအကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူ ၆၅၀ ဦး ‌ပါဝင်ဆင်နွှဲခဲ့
Dec 28,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် လမ်းလျှောက် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက် ၊ နံနက် ၅ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုရပ်ပြုလုပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ၊ စုစုပေါင်း ၆၅၀ ဦးခန့် ပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။
သရက်မြို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများနှင့် ပင်စင်စား (အငြိမ်းစား) ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်
Dec 28,2024
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ကြီးကြပ်မှု့ဖြင့် သရက်မြို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများနှင့် ပင်စင်စား (အငြိမ်းစား) ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်ခြင်းကို သရက်ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင် ဦးဆောင်သော အထူးကုဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့မွန်းလွဲ (၁) နာရီက အုတ်ဖိုတိုက်ကျောင်း မြတ်ပါရမီပရဟိတ (အခမဲ့) ဆေးခန်းနှင့် လူမှုကူညီရေးအသင်းရုံး၌ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပန်းနှမ်း ၃၁၉ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်
Dec 28,2024
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ဆီစားသုံးမှု ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ပန်းနှမ်း ၁၁၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယနေ့ထိ ၃၁၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
ကျေးသီးမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 28,2024
၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၅ နာရီခွဲခန့်က ကျေးသီးမြို့၊ တြိဂံလမ်းဆုံ၌ စုရပ်ပြုလုပ်၍ ကျင်းပသည်။
မင်းလှမြို့၌ တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 28,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူခိုးငွေ့ညစ်ညမ်းမှုဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီခွဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်တွင်၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ခရိုင်၊မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၅)နာရီခွဲက စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဒီဇင်ဘာအားကစားလ(နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ပါဝင်ဆင်နွှဲ
Dec 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်းမြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှု များကို ပိုမိုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ(နောက်ဆုံးပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ရှေ့မှစတင်၍ ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် မြို့မအားကစားကွင်းအထိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက တပျော်တပါးစုပေါင်းလမ်းလျှောက်ကြသည်။