သတင်းများ

ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌နှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရွှေဘိုခရိုင်ရုံးလူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်၉နာရီ၃၀ အချိန်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များနွေရာသီကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်ချက်ဖြင့် နွေရာသီအခြေခံပန်းချီသင်တန်း (အခမဲ့) စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစီအစဉ်ဖြင့် ရပ်ကွက်နေပြည်သူများသို့ စားဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Mar 01,2024
ဒေသခံပြည်သူများ မိသားစုစားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနတာ၀န်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မတ် ၁ ရက်နံနက် ၁၀ နာရီက ဗိုလ်‌အောင်ဇေယျရပ်ကွက်ရှိ ဒေသခံ ပြည်သူများသို့ စားဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
မြို့နယ်၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများ တွေ့ဆုံဆွေးနွေး
Mar 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းတုံမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အစည်းအ‌ဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၄း၀၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနား ကျင်းပ
Mar 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရ ဓမ္မာစရိယ စာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီက သီရိသာသနာ့ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။   
မိုင်းဖြတ်မြို့နယ်၌ ​ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ​ဆောင်ရွက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေး
Mar 01,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း အ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိသည့် လမ်းပန်းဆက်သွယ်​ရေး၊ စိုက်ပျိုး​ရေရရှိ​ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်​ဆေးခဲ့​ကြောင်း သိရသည်။
ဘားအံခရိုင် Community Centre တွင် နွေရာသီ သင်တန်းများ အခမဲ့ ဖွင့်လှစ်
Mar 01,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရေးအတွက် နွေရာသီ အခြေခံပန်းချီသင်တန်း (၁/၂၀၂၄)နှင့် နွေရာသီ အင်္ဂလိပ်စာအခြေခံ Grammar သင်တန်း (၁/၂၀၂၄) ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။