ကျောက်တံခါးမြို့နယ်တွင် ဆောင်းသီးနှံ ပဲတီစိမ်းနှင့်မတ်ပဲ လျာထားချက်ထက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဆောင်းသီးနှံဖြစ်သည့် ပဲတီစိမ်းနှင့် မတ်ပဲအား လျာထားချက်ထက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီတာဝန်ရှိသူအဖွဲ့ဝင်များနှင့် ဝန်ထမ်းများသည် ယမန်နေ့က ခင်တိုကျေးရွာ ကွင်းအမှတ် (၅) (ဂ) တောင်သူဒေါ်ရီ၏ ပဲတီစိမ်းစိုက်ခင်းနှင့် ရင်းတိုက်ကုန်ကျေးရွာ ကွင်းအမှတ် (၅၆) (က) တောင်သူ ဦးဝင်းဇော်၏ မတ်ပဲစိုက်ကွင်းသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက် ခဲ့သည်။