ရေဖြူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေဖြူ မတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ ပါဝင်သော သတင်းစကား လက်ကမ်းစာစောင် စောင်ရေ (၂၇၀) ဖြန့် ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က စုပေါင်းရုံးရှေ့နှင့် လူစည်ကားရာ နေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအား အမျိုးသားရေးတာဝန်အဖြစ် ခံယူပြီး ပူးပါင်းကူညီပံ့ပိုးကြရန် နှိုးဆော်ခြင်း၊ ပြည်သူ့ စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေမှ ကင်းလွတ်ခွင့် ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးရသော အကြောင်းအရင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့် အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။

ရေဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို မှန်ကန်စွာ သိရှိစရန် ရည်ရွယ်ပြီး အသိပညာပေး ဟောပြာခြင်းများ၊ လူစည်ကားရာ နေရာတို့တွင် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းတို့ကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ခတ္တာ