ကျောက်တံခါး မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဆောင်းသီးနှံဖြစ်သည့် ပဲတီစိမ်းနှင့် မတ်ပဲအား လျာထားချက်ထက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီတာဝန်ရှိသူအဖွဲ့ဝင်များနှင့် ဝန်ထမ်းများသည် ယမန်နေ့က ခင်တိုကျေးရွာ ကွင်းအမှတ် (၅) (ဂ) တောင်သူဒေါ်ရီ၏ ပဲတီစိမ်းစိုက်ခင်းနှင့် ရင်းတိုက်ကုန်ကျေးရွာ ကွင်းအမှတ် (၅၆) (က) တောင်သူ ဦးဝင်းဇော်၏ မတ်ပဲစိုက်ကွင်းသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး ပဲမျိုးစုံသီးနှံစိုက်ဧက ၁၅၁၄၁၂ ဧက စိုက်ပျိုးရန်လျာထားပြီး ပဲတီစိမ်း ၈၄၄၂၁ ဧကနှင့် မတ်ပဲ ၆၅၈၈၈ ဧကစိုက်ပျိုးပြီးစီးပြီး စိုက်ပျိုးဧကများပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရန် ကြိုးစားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)