နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သော Box Culvert သုံးစင်းတည်ဆောက်ပြီးစီး

ထန်ပါခွေ မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ တိုင်ဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်သော Box Culvert (၂၆'× ၅' × ၅') သုံးစင်း တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 အဆိုပါ Box Culvert ( ၂၆'× ၅' × ၅') သုံးစင်းအား ထန်ပါခွေမြို့၊ မြို့တွင်းလမ်းပေါ် (83KM နှင့် 85KM) ကြားတွင် တိုင်းဒေသကြီးရန်ပုံငွေ (၇၃)သန်းဖြင့် လမ်းအထူး(၈)အဖွဲ့မှ( ၅-၁၂-၂၀၂၃) နေ့တွင် စတင်ဆောက်လုပ်ခြင်းဖြစ်ကာ (၂၆-၂-၂၀၂၄) ရက်နေ့တွင် တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ကြောင်း (AE ဒေါ်အေးအေးမွန်) ကပြောသည်။

 တောင်ပေါ်ဒေသသည် မိုးများသောဒေသဖြစ်၍ တောင်ကျချောင်းရေများပြားလှသောကြာင့် မိုးတွင်းကာလတွင် ယာဥ်ကြီး၊ ယာဥ်ငယ်များ၊ ဒေသခံပြည်သူများသွားလာရခက်ခဲလှပြီး ယခုလို Box Culvert တည်ဆောက်ပေးခြင်းဖြင့် မိုးတွင်းကာလ၌ သွားလာရ အဆင်ပြေချောမွေ့ လွယ်ကူတော့မည်ဖြစ်ကြောင်း ဒေသခံပြည်သူဦးမလျံက ပြောသည်။

အလန် (ပြန်/ဆက်)