ရေဖြူ မတ် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီ အချိန် ရေဖြူမြို့၊ (ဃ)ရပ်ကွက်ရှိ ဆဲဗင်းဖိုက်ဆီဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးကာ ဇာတ်တိုက်လေ့ကျင့်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုမင်း ဦးဆောင်သော သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ လျှပ်စစ်မီးအား သတိထား ကိုင်တွယ်ကြရန်ပြောကြားခဲ့ပြီးနောက် လက်တွေ့ မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မီးဘေးအန္တရာယ်တစ်ခုခုကြုံတွေ့လာရပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်ရန် (191)စတေကာအပြားများကိုလည်း ထင်ရှားသည့်နေရာများတွင် ကပ်နှိပ်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကိုမင်း ထံမှ သိရသည်။
ခတ္တာ