ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ပျဉ်းမနား မတ် ၁

ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်အောင်-၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့သည်။

ထိုသို့ ထိုးနှံပေးရာတွင်ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက် နှစ် နှစ်အထိကလေးများအား BCG ရောဂါကာကွယ်ဆေး၊ OPV ရောဂါကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေး၊ ဝက်သက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေး စသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည် ကာကွယ်ဆေးများကို လစဉ်ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)