မိုင်းခုတ် မတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၉:၃၀) နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)များအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင်(၁၄)ဦးအတွက် တစ်ဦးလျှင်(၁၅၀၀၀)ကျပ်၊ ၃ လစာ(၄၅၀၀၀)ကျပ်ဖြင့် စုစုပေါင်း(၆၃၀၀၀၀)ကျပ်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ် (၅)ဦး အတွက် (၂၂၅၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၈၅၅၀၀၀)ကျပ်ကို ကျေးရွာအုပ်စုစာရေးမှ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို နိုင်ငံတော်အစိုးရမှ ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း(၁၀၀၀) ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန် ရည်ရွယ်၍ သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)