တောင်သာ မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ဗျိုင်းအင်းကျေးရွာတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဦးမြတ်မျိုးထွန်း၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်မာပို(ဦးစီးအရာရွိ-နည်းပညာ)နှင့် ဝန်ထမ်းများက တင်ဒါအောင်မြင်သော Bihope World Co.ltd မှတာဝန်ယူဆောင်ရွက်သော ၄ လက်မအကျယ် အနက်ပေ ၄၀၀ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊(အလျား ၁၀ပေ အနံ ၈ပေ အမြင့် ၈ပေ) ရေစက်ရုံတည်ဆောက်ခြင်း၊ အလျား ပေ ၂၀၀၀ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခဲ့ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဗျိုင်းအင်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ၃၃.၉၅၇ သန်းဖြင့် (၂၂-၆-၂၀၂၃)မှ စတင်ဆောင်ရွက်ခဲ့ရာ (၂၀-၂-၂၀၂၄) ရက်နေ့တွင် လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နူန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းအားလုံး ရာနူန်းပြည့် ပြီးစီပြီဖြစ်သဖြင့် အိမ်ခြေ ၆၅ အိမ် လူဦးရေ ၃၈၄ ဦးအတွက် အကျိုးပြုနိုင်မည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)