စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့စီးပွား‌ရေးဘဏ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

မုံရွာ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို  ယမန်နေ့ မွန်းလွဲ ၁ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးရှိ ဝန်ထမ်းများအား စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ်မှ တိုင်းဒေသကြီး မန်နေဂျာ ဒေါ်ထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းမှုအပေါ် ဝန်ထမ်းများသိရှိလေ့လာနိုင်စေရန်အတွက် လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)