စစ်ကိုင်းတိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးဦးစီးဌာနတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မုံရွာ မတ် 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးရုံးရှိ ဝန်ထမ်းများအား စစ်ကိုင်းတိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းမှုအပေါ်ဝန်ထမ်းများ သိရှိလေ့လာနိုင်စေရန်အတွက် လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)