သတင်းများ

ကျောက်ဆည်မြို့နယ်တွင် နွေစပါး (၁၀၅၃) ဧက စိုက်ပျိုးသွားမည်
Mar 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါး ဖူလုံပိုလျှံရေး ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရှိရပြီး ၂၀၂၃-၂၀၂၄ ခုနှစ်၌ နွေစပါး (၁၀၅၃)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပူတာအိုခရိုင်၌ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့်မြန်မာနိုင်ငံကုမ္ပဏီများဥပဒေရှင်းလင်း ဆွေးနွေး
Mar 02,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ကုမ္ပဏီ/လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံဥပဒေ အရ ကချင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီတွင် အတည်ပြုမိန့်လျှောက်ထားနိုင်မှုကို သိရှိစေရန်၊ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ လိုက်နာရမည့်တာဝန်များကို သိရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တံတားဦးမြို့နယ်တွင် ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကုလားပဲများရိတ်သိမ်း
Mar 02,2024
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကုလားပဲများ ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ နွေသီးနှံ စပါးနှင့်နှမ်း ဧက ၂၀၀၀၀ ကျော် စိုက်ပျိုးသွားမည်
Mar 02,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ နွေသီးနှံ စပါးနှင့်နှမ်းဧက ၂၁၄၂၂ ဧက စိုက်ပျိုးသွားမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ နွေသီးနှံ စပါးနှင့်နှမ်း ဧက ၂၀၀၀၀ ကျော် စိုက်ပျိုးသွားမည်
Mar 02,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ နွေသီးနှံ စပါးနှင့်နှမ်းဧက ၂၁၄၂၂ ဧက စိုက်ပျိုးသွားမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လက်ပန်ပျားကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဟောပြော
Mar 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်၊ ကျေးရွာများအရောက်ကွင်းဆင်းရှင်းလင်း ဟောပြောလျက်ရှိရာ၊ မတ်လ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီက လက်ပန်ပျားကျေးရွာ ဘုန်းတော်ကြီးကျောင်း ဗြမ္မဝိဟာရဓမ္မာရုံတွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့်  မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ
Mar 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရည်ရွယ် ချက်ဖြင့် ​မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ရပ်ကွက် ၃၊ ထန်းရင်းရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။