တံတားဦးမြို့နယ်တွင် ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကုလားပဲများရိတ်သိမ်း

တံတားဦး မတ် ၂

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကုလားပဲများ ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိကြောင်း သိရသည်။

တောင်သူများအနေဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်သည့် ကုလားပဲ V2 မျိုးကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ကုလားပဲစိုက်ပျိုးမှုအားဖြင့် တစ်ဧကကို ကုန်ကျစရတ်ပျမ်းမျှအားဖြင့် မျိုးစေ့၊ ထွန်ယက်ခ၊ ဆေးဝါးအသုံးပြုခနှင့် ရိတ်သိမ်းခနှင့် ခြွေလှေ့အပါအဝင် ငွေကျပ်(၂)သိန်းခွဲနီးပါး ကုန်ကျကြောင်း၊ တစ်ဧကလျင် ကုလားပဲသီးနှံအထွက်နှုန်းကောင်းလျင် တစ်ဧကကို တင်း(၂၀)ကျော် ထွက်ရှိပြီး ယခုလက်ရှိအနေဖြင့် တစ်တင်းလျင် ငွေကျပ် (၁၀၇၀၀၀) ကျပ်ဖြင့် ရောင်းချရ၍ အရင်းနှုတ်ပြီး တစ်ဧကအတွက် အမြတ်ငွေ (၂၃) သိန်းကျော်ရရှိကြောင်း ကုလားစိုက်တောင်သူ ကူတိုးဆိတ်ကျေးရွာမှ ဦးမြသောင်းထံမှ သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် ယခုနှစ်တွင် ဆေးသီးနှံကုလားပဲစိုက်ပျိုးရန် (၂၁၄၀၀)ဧက လျာထားပြီး အမှန်တကယ် မြေပြင် စိုက်ပျိုးရာတွင် (၂၅၀၉၁) စိုက်ပျိုးနိုင်ကြောင်း ရာခိုင်နှုန်းကျော်လွန်စွာ စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)