ပင်းတယ မတ် ၆
မြန်မာနိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနများတွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ ဝင်ရောက်ဖြေဆိုမည့်သူ ကျောင်းသား၊ ကျောင်းသူ (၇၄၀) ဦးရှိကြောင်း ဒေသပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပင်းတယမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၈) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၉၆) ဦး၊ ရွာငံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၁) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၄၄) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၇၄၀) ဦးရှိပြီး၊ စာသင်ကျောင်း စုစုပေါင်း (၃၉) ကျောင်းမှ စာစစ်ဌာန (၈)ဌာနဖြင့် ဖွင့်လှစ်ဖြေဆိုသွားမည်ဖြစ်ရာ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းရေး၊ မီးဘေးလုံခြုံရေး စသည့်လိုအပ်ချက်များကို ကြိုတင်စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)