အိမ်မဲမြို့နယ်တွင် ရပ်ကွက် (သို့ဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးမှူးများရွေးချယ်

အိမ်မဲ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးမှူးများရွေးချယ်ခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော မြို့နယ်အကူအညီပေးရေးအဖွဲ့များက ယမန်နေ့စတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော မြို့နယ်အကူအညီပေးရေးအဖွဲ့ (၁၇) ဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ယင်းအဖွဲ့များက မိမိတို့သက်ဆိုင်သည့် ရပ်ကွက်/ ကျေးရွာများသို့သွားရောက်၍ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ကြီးကြပ်ရေးအဖွဲ့များ ဆယ်အိမ်စု၊ ရာအိမ်စုစုဖွဲ့မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး အုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်အတွက် ကျေးရွာအုပ်စုတစ်စုလျှင် ကြီးကြပ်ရေးမှူး (၅)ဦး ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

အိမ်မဲမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၁၀၂) အုပ်စုရှိပြီး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များရွေးချယ်နိုင်ရန်အတွက် လုပ်ငန်းစဥ်များကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)