သတင်းများ

ပုလောမြို့နယ်၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းများ နေ့ချင်းပြီး ဆောင်ရွက်
May 14,2026
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌  နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ် ဦးစီးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့ သင်္ဃန်းညီနောင် ကျေးရွာအတွင်းကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း
May 14,2026
ကရင်ပြည်နယ်၊မြဝတီ ခရိုင်၊မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု၊ သင်္ဃန်းညီနောင်ကျေးရွာအတွင်း းရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီက သင်္ဃန်းညီနောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ကျေးရွာမြေငှားဂရန်လျှောက်ထားမည့် ပြည်သူများ၏ ပိုင်ဆိုင်မှု အထောက်အထားများစစ်ဆေးခြင်းလုပ်ငန်းများနှင့် လျှောက်လွှာဖြည့်သွင်းခြင်း လုပ်ငန်းများအား ကွင်းဆင်း ကြည်ရှုစစ်ဆေးခြင်းနှင့်အတူ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲ ကျင်းပသည်။
ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
May 14,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မေ ၁၂ ရက်နေ့က သပြေကုန်းကျေးရွာအုပ်စု၊ ကားတဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊‌ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
ကျောက်မဲခရိုင် Community Centre ၌ စာဖတ်ဝိုင်း ကျင်းပ
May 14,2026
​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
သန်လျင်မြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
May 14,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲနွားများအား ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာအနောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
မုဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်
May 14,2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းတို့ကို ယမန်နေ့က ရပ်ကွက်/ ကျေးရွာများ၌ လိုက်လံဆောင်ရွက်သည်။
ကျွန်းစုမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
May 14,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကပကျေးရွာအုပ်စု၊ ကပကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။
ဘုတ်ပြင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့်လှစ်၊ မျိုးစေ့ချကိရိယာ ပေးအပ်
May 14,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့်  စိုက်ပျိုးရေးဦးစီးဌာနမှ  မျိုးစေ့ချကိရိယာပေးအပ်ခြင်းနှင့်မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို မေ ၁၄ ရက် နံနက်(၁၀)နာရီက ထောင်ခမက်ကျေးရွာအုပ်စု  အောက်လိပ်စံပြကျေးရွာ၌ ပြုလုပ်သည်။