သတင်းများ

ပင်းတယမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဒုတိယ(အကြိမ်) မိုးရာသီစု‌ပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ
Aug 15,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ အိမ်ပုကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ပင်းတယမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်သစ်တောစီးမှူး ဦးခန့်မင်းမော်ကဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ဒုတိယ (အကြိမ်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် အာဟာရရက်သတ္တပတ်များလှုပ်ရှားမှု ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ်ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ၂၀၂၅ ခုနှစ် အာဟာရရက်သတ္တပတ်များလှုပ်ရှားမှု ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အဆောက်အအုံ ပန္နက်တင် 
Aug 15,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဆောက် အအုံပန္နက်တင်မင်္ဂလာအခမ်းအနားကို ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ် တောင်မန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာဦးစီဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ တောင်မန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက် ၉ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Aug 15,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ ၁၁ နာရီက အမရပူရမြို့နယ် စာရေးဆရာအသင်းနှင့် အောင်မြေသာစံ စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာရေးဆရာ မြသန်းတင့်ရေးသားသည့် ဧကရီဖွားစောစာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ပင်လုံမြို့၌ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အခြေခံပညာမူလတန်းကျောင်း(ဝမ်မိုင်)၌ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ပါသည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Aug 15,2025
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပန်းတ‌နော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနား ကျင်းပ
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးကျင်းပသည့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။