သတင်းများ

တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အမြင့်ဆုံးကျောင်း၊ သင်ကြားပေးသောဆရာ/ဆရာနှင့် ဂုဏ်ထူးထွက်သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Aug 15,2025
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အမြင့်ဆုံးကျောင်း၊ ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမနှင့် ဂုဏ်ထူးထွက်သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပခုက္ကူမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားများဆောင်ရွက်
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ကြသည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 15,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိရပ်ကွက်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မြောက်ကွင်းကျောင်း ဓမ္မာရုံတွင်ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားတက်ရောက်
Aug 15,2025
၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Aug 15,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက၊ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဆင်းပွဲကျင်းပ
Aug 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀‌၂၅) ဆင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြို့လုံးကျွတ် ဝါတွင်းကာလအရုဏ်ဆွမ်းစုပေါင်းလောင်းလှူပွဲ ကျင်းပ
Aug 15,2025
ဗုဒ္ဓသာသနာတော် ထာဝစဉ်အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းကိစ္စများ အဆင်ပြေစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မြို့လုံးကျွတ် ဝါတွင်းကာလ ဆဌမအပတ်အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကို သြဂုတ်  ၁၅ ရက်၊ နံနက် ၅ နာရီအချိန်တွင်တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ သာသနာလင်္ကာရကမ္ဗောဇသာသနာ့ဗိမ္မာန်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့ ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Aug 15,2025
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန် နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်‌စေရန်ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက်၉နာရီခွဲက ဆင်လမ်း အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။