ကျွန်းစု မေ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကပကျေးရွာအုပ်စု၊ ကပကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာရဲမင်းဦး က ပြည်သူများအား ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာများ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် စသည်တို့အား စမ်းသပ်စစ်ဆေးကာ သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား ကျန်းမာရေးစောင့်ရှောက်မှု စမ်းသပ်စစ်ဆေးပေးကာ ဆေးကုသပေးသည်။ ဆက်လက်၍ သက်ကြီးဘိုးဘွားများနှင့်ဒေသခံပြည်သူများလိုအပ်သည့် ဆေးဝါးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)