သတင်းများ

တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ လူရည်ချွန်မောင်မယ် (၅) ဦးအား ကြိုဆိုဂုဏ်ပြု
May 14,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ လူရည်ချွန်စခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာကြသော လူရည်ချွန်မောင်မယ် (၅) ဦးအား ကြိုဆိုဂုဏ်ပြုပွဲကို မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီက မြို့ဝင်တံတားထိပ်မှစတင်၍ အမှတ် (၁)၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းများအထိ စည်ကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ်ပြုခဲ့သည်။
မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်
May 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း မိုင်းစံမြို့ မြို့အထွေထွေအုပ်ချုပ်ရေးရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
လွိုင်လင်မြို့နယ် ကိုယ်စားပြု လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို
May 14,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အဆင့်လူရည်ချွန်စခန်းဝင် လွိုင်လင်မြို့နယ်ကိုယ်စားပြု လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့ရှိ အ.ထ.က(၂) ကျောင်းရှေ့မှ မြို့နယ်ပညာရေးမှူးရုံးရှေ့ထိ ဘင်ခရာတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရသည်။
မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ အတန်းတက်စာရင်းများထုတ်ပြန်
May 14,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (၁၄-၅-၂၀၂၆)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌ KG တန်းမှ Grade-11 အထိ အတန်းတက်(အောင်)စာရင်းများ ထုတ်ပြန်ပေးကြရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင်လည်း ယနေ့နံနက်(၆)နာရီက အခြေခံပညာကျောင်းအားလုံးရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းစစ်စာမေးပွဲ အတန်းတက်(အောင်)စာရင်းများကို ထုတ်ပြန်ကပ်ထားပေးကြောင်း သိရှိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
May 14,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သတ်မှတ်ကျောင်းများ၌ ကျင်းပပြုလုပ်ရာ နေပြည်တော် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မိုးနဲမြို့၌ တိုင်ထောင် ပဲတောင့်ရှည် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိ
May 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစု အပိုဝင်ငွေရရှိရန်အတွက်တိုင်ထောင်ပဲခေါ် ပဲတောင့်ရှည်သီးနှံများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ မိသားစုအပိုဝင်ငွေများရရှိကြောင်း စိုက်ပျိုးသူတောင်သူ ဦးစိုင်းသန်းထွန်းထံမှ သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
May 14,2026
ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အဖွဲ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ မြို့လယ် ရွှေစည်းခုံကျောင်းတိုက်နှင့်လက်ပံကုန်းကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်တို့ရှိ ဓမ္မာရုံတို့တွင် ဆန်၊ ဆီနှင့်ငါးသေတ္တာတို့ကို ထောက်ပံ့ပေးအပ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်စည်ပင်ဧည့်ရိပ်သာ အိပ်ဆောင်များနှင့် အဆောက်အအုံများ ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး
May 14,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်ဧည့်ရိပ်သာ၌ တတိယအကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များနေထိုင်ရန်အတွက် နေရာချထားမည့် အိပ်ဆောင်များနှင့်အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပြင်ပဧည့်သည်များထားရှိသည့်အဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။