သတင်းများ

သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ အထွက်နှုန်းကောင်းပြီးဈေးနှုန်း အနည်းငယ်ကျဆင်း
Aug 15,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုမိုးတွင်းအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများ အထွက်နှုန်းကောင်းပြီး  ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။
ခိုလမ်မြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအ‌ဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအ‌ဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေး
Aug 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား/ သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်
Aug 15,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို တက်ရောက်သည်။
ပန်းတ‌နော်မြို့တွင် ကျောင်းတွင်းအာဟာရဖြည့်စွက်စာ ကျွေးမွေးခြင်းများပြုလုပ်
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က အ.ထ.က-၁ ကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့များဖြင့် လူငယ်စာဖတ်ဝိုင်း ဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များနှင့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်များ လာရောက်လှူဒါန်း
Aug 15,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ကျေးရွာစာကြည့်တိုက်များအတွက် အောင်မြေသာဇံစာရေးဆရာအသင်းမှ စာရေးဆရာဒေါက်တာခွန်စိုးမိုးရေးသားသည့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းမဖြစ်စေရစာအုပ်များ လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
Aug 15,2025
၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ  အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။