အလုံမြို့နယ်၌ သွေးတိုးနှင့် ဆီးချို ရောဂါစစ်ဆေးကုသမှုပေးခြင်းများဆောင်ရွက်
May 14,2026
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၏ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်လှသိန်းယဥ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုတက္ကသိုလ် ကျောင်းသား/သူများသည် အပတ်စဉ် ဖွင့်လှစ်သည့် သွေးတိုးနှင့် ဆီးချို ရောဂါစစ်ဆေးကုသမှုဆေးခန်းအား ယမန်နေ့က ဖွင့်လှစ်ကုသပေးခဲ့သည်။