သတင်းများ

ဟိုပုံးမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး
May 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယမန်နေ့က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
May 14,2026
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ကလောမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
May 14,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုးနဲမြို့နယ်၌ (ပိုက်ဆံလျှော်)သစ်စိမ်းမြေဩဇာ မျိုးစေ့ထည့်သွင်းကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ
May 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် တောင်သူများအား လယ်ယာစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေဩဇာ ထည့်သွင်ခြင်းကို တောင်သူများလေ့လာသိရှိ သုံးစွဲတတ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က (ပိုက်ဆံလျှော်) သစ်စိမ်းမြေဩဇာမျိုးစေ့ ထည့်သွင်း ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို နမ့်မော်ဆွမ့်ကျေးရွာရှိ တောင်သူ ဦးသန်းထွန်း၏ လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး
May 14,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများပေးအပ်ပွဲကို မေလ (၁၂) ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲခန်းမတွင် ထုတ်ပေးခဲ့သည်။
သံဖြူဇရပ်မြို့နယ် မိုးကြိုကာလ သဘာဝဘေးအသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြ
May 14,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှပူးပေါင်း၍ မိုးကြိုကာလတွင် ဖြစ်ပွားတက်သော သဘာဝဘေးအသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြခြင်းနှင့် အသက်ကယ်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက အောင်ကုသိုလ်ရပ်ကွက် ထိုင်တော်မူဘုရားကြီးဝင်း၌ ပြုလုပ်သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ
May 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို မေ ၁၂ ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
May 14,2026
ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗလငါးတန်တွင် တစ်ခုအပါအဝင်ဖြစ်သော ဉာဏဗလ ဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်ယမန်နေ့က စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။