ရေဖြူ မေ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဉတုဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးရန် ပျိုးပင်ပေါင်း၂၈၇၀၅ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းအောင်ထံက သိရသည်။
ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရာသီဉတုနှင့်သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့် ရှောက်နိုင်ရေးအတွက် နှစ်စဉ်မိုးရာသီ ပျိုးပင်များကို ပျိုးထောင်ထားရှိရာ ယခုနှစ်တွင် ကံ့ကော် ၂၅၀ပင်၊ ခရေ ၁၀၀၀ပင်၊ ပျဉ်းကတိုး ၈၀၀၀ပင်၊ မအူ ၁၀၀၀ ပင်၊ မယ်ဇလီ ၅၀၀ပင်၊ မဟော်ဂနီ ၅၇၀၀ပင်၊ မန်ဂျန်ရှား ၁၁၁၅၅ပင်၊ မျောက်ငို ၃၀၀ပင်၊ သင်္ဃန်း ၂၃၀၀ပင်၊ ပျိုးပင်စုစုပေါင်း ၂၈၇၀၅ပင်ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းများ၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စသည့်နေရာများတွင် ပြည်သူလူထုများက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေ ရေး စိုက်ပျိုးပျိုးထောင်ရန် မေလနှောင်းပိုင်းမှစ၍ ဇူလိုင်လကုန်အထိ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ရာ မြို့နယ်သစ်တောဦးစီးဌာနမှ မည်သူမဆိုလာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)