သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့တွင် သိန်းသန်း (မြန်မာမှု) ပန်းပုလုပ်ငန်း အောင်မြင်စွာ လုပ်ကိုင်နေမှုအား သွားရောက်ကြည့်ရှု၍ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားတက်ရောက်
Aug 16,2025
မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်း (၁၀) မျိုးအတတ်ပညာကို ယဉ်‌ကျေးမှု အမွေတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှာက် လက်ဆင့်ကမ်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ‌မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၊ ကျုံဖိုက်တံတားအနီးရှိ သိန်းသန်းမြန်မာမှု (ပန်းပုလုပ်ငန်း) သို့ရောက်ရှိပြီး အဆိုပါ ပန်းပုလုပ်ငန်းတွင် သစ်သားဖြင့်၊ ဗုဒ္ဓရုပ်ပွား တော်မြတ်များ၊ ဇတ်နိပါတ် ရုပ်လုံးရုပ်ကြွများ၊ အသုံးအဆောင် ပန်းပုလက်မှု ပစ္စည်းများ ထုဆစ်လုပ်ကိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲများကို ဩဂုတ်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းက ရပ်သစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ကျောက်တံခါးမြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ  အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးမျိုးအောင်တက်ရောက်
Aug 16,2025
၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံ အားကစားခန်းမ၌ သြဂုတ်လ ၁၅ ရက် ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ “တက်နေထွန်း” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ “တက်နေထွန်း” ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၂၀၂၅ခုနှစ် (ဒုတိယ)အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကျင်းပ
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ၂၀၂၅ခုနှစ်၊ (ဒုတိယ)အကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ (၁၁)မိုင် အမြန်လမ်းနယ်မြေမီးသတ်စခန်းတွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့သော မီးဘေးသင့်ပြည်သူအား ပံပိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Aug 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထက်ပိုင်းရပ်ကွက် မြခွာညိုလမ်း MOB ဘဏ်အနီးတွင် ယမန်နေ့နံနက် (၂)နာရီ (၁၅)မိနစ်ခန့်က နေအိမ် (၄)လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူအား ပံ့ပိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ၊ လုပ်ငန်းထူထောင်မည့်သူ(၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်း အနား ကျင်းပ
Aug 16,2025
မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများမိသားစုဝင်ငွေများတိုး ပွားရေးစီမံကိန်းလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့်ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင်စံပြကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့်လုပ်ငန်းတည်ထောင်မည့်သူ(၅)ဦးအားလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ(၁၅)နေ့နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာတွင် ကျင်းပသည်။