လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ၊ လုပ်ငန်းထူထောင်မည့်သူ(၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်း အနား ကျင်းပ

ချမ်းအေးသာစံ ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများမိသားစုဝင်ငွေများတိုး ပွားရေးစီမံကိန်းလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့်ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင်စံပြကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့်လုပ်ငန်းတည်ထောင်မည့်သူ(၅)ဦးအားလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ(၁၅)နေ့နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာတွင် ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်ဦး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ် (နေပြည် တော်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)ဒေါ်ငြိမ်းအေး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဆက်စပ်ဦးစီးဌာနများမှတိုင်းဦးစီးမှူးများနှင့်တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနား၌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးချုပ်(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)ဒေါ်ငြိမ်းအေးက အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့်စပ် လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)နှင့်တာဝန်ရှိသူများက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းများမှလုပ်ငန်းထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင် တန်းသူတစ်ဦးကကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့်စက်ချုပ်နည်းပညာသင်တန်းများမှ သင်တန်းသူများကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ထားသည့်ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)