လှည်းကူး သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ၂၀၂၅ခုနှစ်၊ (ဒုတိယ)အကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ (၁၁)မိုင် အမြန်လမ်းနယ်မြေမီးသတ်စခန်းတွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးနှင့်ဇနီးဒေါ်နီလာတို့ ဦးဆောင်၍ အရာရှိကြီးများ၊ ခရိုင်မီးသတ်ဦးစီးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးမှူးများနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များစုစုပေါင်းအင်အား(၂၀၀)ဦးတို့က ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ အင်ကြင်း၊ ရတနာတန်းဝင်အပင်များနှင့် အခြားသောပျိုးပင်များ စုစုပေါင်း(၃၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။
အေးအေးနွဲ့(လှည်းကူး)