တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းခရိုင် ရဲမှုထမ်းဟောင်းများအဖွဲ့ရုံးအတွက် ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းပေးအပ်
Aug 16,2025
ကော့သောင်းခရိုင်ရဲမှုထမ်းဟောင်းများအဖွဲ့ရုံးပြုပြင်ရန် ချီးမြှင့်ငွေပေးအပ်ခြင်း၊ ရဲမှုထမ်းများအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်းနှင့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲတပ်ဖွဲ့မိသားစုဝင်များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင်ကျင်းပရာ အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး၊ ရဲမှုထမ်းဟောင်းများအဖွဲ့ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့မိသားစုဝင်များ တက်ရောက်ကြသည်။