ကျောက်တံခါး ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှမြို့နယ်ဆရာဝန်ကြီးဒေါက်တာစည်သူစန်းက လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများအကြောင်းကိုလည်းကောင်း၊ ဒေါက်တာကောင်းထက်အောင်ကသွားနှင့် ခံတွင်းဆိုင်ရာကျန်းမာရေးအကြောင်းကိုလည်းကောင်း၊ ကျန်းမာရးမှူးအဆင့်(၁)ဦးထွန်းထွန်းအောင်ကဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်းနှင့် ဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစည်သူစန်း၊ သွားဆရာဝန်ဒေါက်တာကောင်းထက်အောင်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများကအဟာရကျွေးမွေးခြင်း၊ အဟာရပြခန်းနှင့်ပန်းချီပြိုင်ပွဲတို့အား ကြည့်ရှု့အားပေးခဲ့ကြသည်။
ကျောက်တံခါးမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူ(၉၉၇) ဦးတို့အား ယနေ့တစ်ပြိုင်တည်း နေ့လည်စာအဟာရကျွေးမွေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)