သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစစ်ဆေး၊ အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်း‌ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး၊ မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်
Aug 17,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်သို့ သွားရောက်ပြီး ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက် အဝင်လမ်းတွင် သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းဆောင်ရွက်
Aug 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂျိုးဖြူကျေးရွာအုပ်စု၊ ဆိတ်သာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဆောင်ရွက်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။
လက်ပံတန်း၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံငွေ ပေးအပ်
Aug 17,2025
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား (ဧပြီ၊ မေ၊ ဇွန်) လတို့အတွက် တစ်ဦးလျှင် ၆၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ် အ.လ.က (၁)ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်
Aug 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ဩဂုတ် ၁၄ ရက် နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 17,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၁၅ ရက်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံသီရိခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်၌ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 17,2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၅ ရက်နေ့က ပြည်မြို့နယ်၌ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Aug 16,2025
ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ် အောင်နိုင်တိုးမိုစပါးစိုက်ခင်း မြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Aug 16,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဖွဲ့ဝင်များလိုက်ပါလျက် ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ရက် ၁၂၀ အောင်နိုင်တိုးမိုးစပါးစိုက်ခင်း မြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။