လက်ပံတန်း၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံငွေ ပေးအပ်

လက်ပံတန်း ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား (ဧပြီ၊ မေ၊ ဇွန်) လတို့အတွက် တစ်ဦးလျှင် ၆၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ဧပြီ၊ မေ၊ ဇွန် သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေစုစုပေါင်း ၅၉၆ ဦးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့သုံးဖွဲ့ခွဲ၍ ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)