ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ် အောင်နိုင်တိုးမိုစပါးစိုက်ခင်း မြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ပေါင်းတည် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဖွဲ့ဝင်များလိုက်ပါလျက် ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ရက် ၁၂၀ အောင်နိုင်တိုးမိုးစပါးစိုက်ခင်း မြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာ၊ ကွင်းအမှတ် ၁၀၉၃ ရှိ တောင်သူဦးစိုးလွင်၏ စိုက်ပျိုးမြေ ၅ ဧကတွင် စိုက်ပျိုးထားသည့်  ၄၂ ရက်သား အောင်နိုင်တိုးမိုးစပါး အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေနှင့် မြေဩဇာကြဲပက်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တက်ရောက်လာကြသော တောင်သူဦးစိုးလွင်နှင့် ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးပန်းတိုင်အထွက်နှုန်း တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေးအတွက် စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့နှင့်‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မိုးစပါးစိုက်တောင်သူများအား ကူညီဖြည့်ဆည်း‌ပေးလျက်ရှိသည့် စိုက်ပျိုး‌ရေးသုံး သွင်းအားစုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရွှေသား (IPRD)