သတင်းများ

လပွတ္တာမြို့နယ်တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Aug 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်ရှိ အောင်တော်မူဘုရား (တာဝတိံသာ) တန်ဆောင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ဝါးခယ်မတွင် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Aug 18,2025
လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ အသုံးပြုသွားမည်ဖြစ်ရာ ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို သြဂုတ်လ ၁၈ ရက် နံနက် ၉ နာရီက မင်းပိုင်းရပ်ကွက်၊ ရွှေခယ်သီရိအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျုံပျော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈) ဘီလီယံဖြင့် ဆောင်ရွက်သည့် ချေးငွေထောက်ပံ့ခြင်း အခမ်းအနား ကျင်းပ
Aug 18,2025
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီလီယံဖြင့် ဆောင်ရွက်သည့် ကျွန်းရွှေဝါဘဲမွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းအား ချေးငွေထောက်ပံ့ခြင်း အခမ်းအနားကို အင်းရဲကျွန်းကျေးရွာ အထက၌ ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ သြဂုတ် ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ ပလပ်စတစ်ကင်းစင်ရေး လှုပ်ရှားမှုအစီအစဉ် ပူးပေါင်းဆာင်ရွက်
Aug 18,2025
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍အပတ်စဉ် တနင်္လာနေ့တိုင်း (Monday Stop)ပလပ်စတစ်ညစ်ညမ်းမှုကင်းစင်ရေးလှုပ်ရှားမှုအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရမည်းသင်းမြို့မဈေးကြီးအတွင်း ဆောင်ရွက်သည်။
သာယာဝတီမြို့နယ်အတွင်း သက်တံ့ရောင်စီမံကိန်းဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ခင်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Aug 18,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ​မြို့နယ် သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ​ယမန်နေ့နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် သက်တံ့ရောင်စီမံကိန်းဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပင်လုံမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ
Aug 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပေါင်းတည်၌ မိုးစပါး ၇၃၅၁၄ ဧက စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Aug 18,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးစုစုပေါင်း ၇၃၅၁၄ ဧက စိုက်ပျိုးထားလျက်ရှိပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။