သတင်းများ

ကြံခင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာ​​ပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းပြုလုပ်
Aug 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာ​​ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်၊ မြို့နယ်သာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်း(လွန်) သူကောင်းဖြစ် စာသင်ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 18,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာမူလတန်း(လွန်) သူကောင်းဖြစ် စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
မြဝတီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Aug 18,2025
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ် ၁၈ ရက် နံနက် (၁၀)နာရီက နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ရာ  Grade – 9 ကျောင်းသားကျောင်းသူ (၆၈)ဦး လေ့လာဖတ်ရှုခဲ့ကြသည်။
ရွှေကူမြို့ ဘောဂဗလ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့်  စာဖတ်ဝိုင်းဆောင်ရွက်
Aug 18,2025
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေမှရရှိသည့် ဗဟုတသုတများကို တစ်ဦးနှင့်တစ်ဦးမျှဝေ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ နယ်လှည့်လုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၁၈ ရက် နံနက် ၈ နာရီခန့်က ဘောဂဗလ အခြေခံပညာ အလယ်တန်းကျောင်းသို့ နည်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြုလုပ်
Aug 18,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအစီအစဉ်ကို ယနေ့နံနက်က သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီမံချက် ၃ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကဒ်များ ကွင်းဆင်းဆောင်ရွက်
Aug 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ယခုလ ဩဂုတ်လမှစ၍ စတင်ကွင်းဆင်း၍ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်များ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် သဇင်ကုန်းကျေးရွာအုပ်စုနှင့် ပန်းပဲစုကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
Aug 18,2025
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်း ဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင်  တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။
မှော်ဘီမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများနှင့် ရုံးသို့နိုင်ငံသားစိစစ်ရေးကဒ်လာရောက်ဆောင်ရွက်သူများအား UID နံပါတ်များဆက်လက်ဆောင်ရွက်ပေး
Aug 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မှော်ဘီခရိုင်မှူးနှင့် မှော်ဘီမြို့နယ်ဦးစီးမှူးတို့၏ ဦးစီးဦးဆောင်ကြီးကြပ်မှုဖြင့် မှော်ဘီမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဒေါ်ခင်စိုးသန်းနှင့်ဝန်ထမ်း(၅)ဦးတို့က မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်း (ငြိမ်း)ပင်စင်စားများအား Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် UID နံပါတ်ထုတ်ပေခြင်းများကို ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။