ပေါင်းတည် ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးစုစုပေါင်း ၇၃၅၁၄ ဧက စိုက်ပျိုးထားလျက်ရှိပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
မြို့နယ်အတွင်းရှိ သုံးသီးစိုက်စိုက်ပျိုးမြေများရှိ မိုးစပါးးများသည် ယခုအခါ ပျှမ်းမျှသက်တမ်း ၃၅ ရက်ခန့်ရှိနေကြပြီး တောင်သူများသည် ယခုအချိန်တွင် ပေါင်းမြက်ပယ်ခြင်း၊ မြေဩဇာကြဲပက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။
အဆိုပါမိုးစပါးများကို စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့၏ အသိပညာပေးဆောင်ရွက်မှုဖြင့် မျိုးစေ့ချကိရိယာ၊ လက်ဆွဲကောက်စိုက်စက်၊ ၆ တန်းသွား၊ ၁၂ တန်း သွားကောက်စိုက်စက်ကြီးများဖြင့်လည်းကောင်း၊ မြေအနေအထားအရ အချို့စိုက်ပျိုးမြေများတွင် လက်စိုက်များဖြင့်လည်းကောင်း၊ အထွက်ကောင်းသည့် အောင်နိုင်တိုး၊ ရတနာတိုး၊ ဗီယက်နမ်၊ ရေးဆင်းစပါးမျိုးများနှင့် အင်းလယ်စပါး၊ ငွေတိုးစပါးများကို စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။
ထိုမိုးစပါးများ ပန်းတိုင်အထွက်နှုန်းတင်း ၁၀၀ နှင့်အထက် ထွက်ရှိရေးအတွက် စိုက်ကြပ်တာဝန်ခံဝန်ထမ်းများသည် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးကာစပါးပင်နုများကို ကိုက်ဖြတ်စားသောက်တတ်သည့် ရွှေခရုအန္တရာယ် မကျရောက်စေရေးနှင့် မိုးရွာသွန်းမှုများပြားလျက်ရှိခြင်းကြောင့် စိုက်ခင်းများရေနစ်မြှုပ်မှု မဖြစ်ပေါ်စေရေး၊ရေထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့ကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား