သာယာဝတီမြို့နယ်အတွင်း သက်တံ့ရောင်စီမံကိန်းဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ခင်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

သာယာဝတီ သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ​မြို့နယ် သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ​ယမန်နေ့နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် သက်တံ့ရောင်စီမံကိန်းဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ(၆)ရွာ၊ သမဝါယမအသင်း(၆)သင်း၊ အသင်းသား(၂၇၅)ဦး၊ စိုက်ပျိုးဧက(၂၂၀၀)ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းဧကအားလုံး ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိစေရေး မာလာဖူးစိုက်ပျိုးရေး အထွေထွေသမဝါယမအသင်းနှင့် ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းစိုက်ပျိုးရေး အထွေထွေသမဝါယမအသင်းတို့မှ စိုက်ပျိုးထားသည့် သမဝါယမ မိုးစပါးစီမံကိန်းစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ သွင်းအားစုများ အချိန်ကိုက်မှန်ကန်စွာ သုံးစွဲနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် သီးနှံအလိုက် ကျရောက်မည့် ပိုးမွှားအန္တရာယ်များမရှိစေရေး ကြိုတင်သတိပြုရန်နှင့် အသင်းသားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)