ကော့သောင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Aug 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်ရှိ ချောင်းစလန်းကျေးရွာနှင့် (၁၅) မိုင်ကျေးရွာ ကျေးရွာချင်းဆက်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၂၃၈ ဒသမ ၅၄၅) သန်းဖြင့် ချောင်းစလန်း - ၁၅မိုင်လမ်း (၄/၂.၄၁) မိုင်ရှိသည့်အနက်လမ်းမိုင် (၁/၁-၂/၀.၆) ကြား မူလမြေသားလမ်း (၀/၇.၆) မိုင်အား ဒုခြောက်လက်မ၊ အကျယ် ၁၄ ပေ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။