ရန်ကုန်တက္ကသိုလ်၌ တရားရုံးကဦးဆောင်သော စေ့စပ်ဖြေရှင်းရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 22,2025
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၊ တတိယနှစ်မဟာဗျူဟာလုပ်ငန်းအစီ အစဉ်(၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅. ၃. ၁ အရ တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက်ရည်ရွယ်၍ “တရားရုံးကဦးဆောင်သောစေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟော ပြောပွဲ”ကို ယမန်နေ့ နံနက်(၁၀)နာရီက ရန်ကုန် တက္ကသိုလ်၊ ဝိဇ္ဇာခန်းမတွင်ကျင်းပခဲ့သည်။