ပုဗ္ဗသီရိမြို့နယ်တွင် ကျား၊ မ အခြေပြုလုပ်ငန်းစဉ်များမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဗ္ဗသီရိ ဩဂုတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အမျိုးသမီးရေးရာကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းငွေမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် လူမှုူဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျား၊ မ ရေးရာအလေးပေးသော လုပ်ငန်းစဉ်များမြှင့်တင်ရန် မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား Gender, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြကြောင်း သိရသည်။

နန်းရွှေရတီ (ပြန်/ဆက်)