သတင်းများ

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး အတန်းလိုက်စနစ်ဖြင့် ပေါ်ဆန်းမွှေးစပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး
Aug 22,2025
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၄၂ ရှိ တောင်သူ ဒေါ်ယုယုလွင်၏ စိုက်ဧကတွင် အတန်းလိုက်စနစ်ဖြင့် ကောက်စိုက်သမားများမှ ပေါ်ဆန်းမွေးစပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။
မိုးနဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း
Aug 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခံကျေးရွာ၌ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အစီအစဉ်ဖြင့် အသေးစား၊ အငယ်စားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို အဆိုပါကျေးရွာနယ်မြေ(၃)ရုံးနေရာ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 22,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၁၀နာရီက  နယ်မြေခံတပ်ရင်း ခန်းမတွင် ကျင်းပသည်။
ကံမမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု(၂၃)အုပ်စု ထုတ်ချေးပြီးစီး
Aug 22,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ  စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီ  စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၁)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက နတ်မီးကျေးရွာအုပ်စုမှ တောင်သူ(၇၁)ဦးတို့၏  မိုးစပါးစိုက်ဧက(၁၇၃)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၂၅၉၅)သိန်းအား ထုတ်ပေးခဲ့ပြီး ကျေးရွာအုပ်စု(၂၃)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Aug 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု‌လေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ကမာကဆစ်ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Aug 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၇) ရပ်ကွက်၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ (အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား  Unique Identity ကတ်များထုတ်ပေးလျက်ရှိ
Aug 22,2025
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့ကရိတ်မြို့နယ်ရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် UIDကတ်များဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး UID ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးသရုပ်ပြ
Aug 22,2025
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြု နိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းတို့ကို ယနေ့နံနက်၁၀နာရီက ဆောင်ရွက်သည်။