သတင်းများ

ကျေးသီးမြို့နယ်၌ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား (UID) ကတ်များ ပြုလုပ်ပေး
Aug 22,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်ထုတ်ပေးသည့် ကျေးသီးမြန်မာ့စီးပွားရေးဘဏ်တွင် Biometric စက်ဖြင့် UID ကတ်များကို ယမန်နေ့နံနက် ၉ နာရီက  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၃)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
Aug 22,2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၃)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအပေါ် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
နတ်မောက်မြို့နယ် ကြက်လျှာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Aug 22,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယစက်ဝန်း ထုတ်ချေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ကြက်လျှာကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လဲချားမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်
Aug 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအား  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းကို ယနေ့နံနက်၉ နာရီက သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံ(၅/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ
Aug 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြနီအသင်းခွဲ/တပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၅/၂၀၂၅)ဆင်းပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၄ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
Aug 22,2025
ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အ တွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
ဖြူးမြို့နယ်၊ သိမ်ကုန်းရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ မဲပေးခြင်း လက်တွေ့သရုပ်ပြ
Aug 22,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် သိမ်ကုန်းရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါရပ်ကွက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ မြစိမ်းရောင်အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်ရွာဝင်လမ်းအား ကွင်းဆင်းတိုင်းတာခြင်းဆောင် ရွက်
Aug 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမြစိမ်းရောင်အတိုးရငွေ(၅၀%)နှင့် ပြည်သူထည့်ဝင်ငွေဖြင့် ရွာတွင်းလမ်း ကွန်ကရစ်ခင်းရန်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းတိုင်းတာခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဆင်ကူး(သိုက်ကုန်း)ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။