ချမ်းမြသာစည်မြို့နယ်တွင်မီးသတ်တပ်ဖွဲ့ဝင်များ၏ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်သင်ကြား

ချမ်းမြသာစည်  ဩဂုတ်၂၂

မန္တလေးတိုင်းဒေသကြီးအတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် Light Urban Search and Rescue Team သင်တန်းသားများ၏ လေ့ကျင့်သင်ကြားမှုကို ယနေ့နံနက် ၈ နာရီက ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း- ၁၀၉ လမ်းရှိ  Art Centre အဆောက် အအုံတွင်ကျင်းပသည်။

အဆိုပါ လေ့ကျင့်သင်ကြားမှုတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ လေ့ကျင့်ရေးဌာနစုတွင် ဖွင့်လှစ်သင်ကြားခဲ့သည့်အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁၈/၂၀၂၅) သင်တန်းဆင်း သင်တန်းသား ၁၀ဦးနှင့်အတူ ထပ်မံအင်အားဖြည့် ၁၀ဦးတို့ ပူးပေါင်း၍ လက်တွေ့လေ့ကျင့်သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ခရိုင်၊ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါကအရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် Light Urban Search and Rescue Team ဖွဲ့စည်း၍ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမင်းမင်းစိုးထံမှ သိရသည်။

ချမ်းမြေ့(ချမ်း/စည်)