ငပုတော သြဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံး၌ သြဂုတ် ၂၁ ရက်နံနက် ၈ နာရီက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား) များအား UIDcard များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာယာဝတီမြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ UID-card များ ကွင်းဆင်းဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာယာဝတီမြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဝန်ထမ်းများက UID-card များကို အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်၌ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသူများအား ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်