သတင်းများ

မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြော
Aug 14,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၁၃ ရက်က အခြေခံပညာအထက်တန်း ကျောင်း(ညောင်ကိုင်)တွင် ကျင်းပရာ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက်တိုင် ကြားနိုင်ကြောင်း ဆွေးနွေးသည်။
မအူပင်မြို့နယ် သမဝါယမအသင်းစုလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Aug 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးအား ယမန်နေ့နံနက် ၁၀ နာရီက မအူပင်မြို့နယ်သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းခရိုင်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ ကဗျာလွတ်အကပြိုင်ပွဲ ဆုချီးမြှင့် 
Aug 14,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ ကဗျာလွတ်အက ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၃ ရက် က ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပသည်။
တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မြဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
World Youth Skills Day 2025 အထိမ်းအမှတ် ကျောင်းသားကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများ နှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်
Aug 14,2025
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင် ကောလိပ်(ဘယ်လင်း)တွင် World Youth Skills Day 2025 အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများနှင့် Innovation Project ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်၁၃ရက် နံနက်ပိုင်းက ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် IOM အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr.Iori KATO အား လက်ခံတွေ့ဆုံ
Aug 14,2025
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည်  အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM)၏  အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Iori KATO အား ဩဂုတ် ၁၃ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တနင်္သာရီတိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး ဖူဆယ်အားကစားအဖွဲ့အားတွေ့ဆုံ
Aug 13,2025
တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်သည်တိုင်းဒေသကြီးဖူဆယ်အားကစားအဖွဲ့နှင့် တွေ့ဆုံပွဲကို ယနေမွန်းလွဲ ၂ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး‌ ဆောင်ရွက်မှုကွင်းဆင်းစစ်ဆေး
Aug 13,2025
ကရင်ပြည်နယ် ဘားအံမြို့တွင်  ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ဘားအံမြို့ အမှတ်(၈) ရပ်ကွက်တွင် သံလွင်မြစ်ကမ်းပါး အလျား ပေ၂၉၀၀ ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။